တာလေ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့၌ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေနည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအား ထပ်ဆင့် ရှင်းလင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက တာလေမြို့ အမှတ် (၃) ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် စပ်လျဉ်းပြီး အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်မှုများ၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တာလေမြို့တွင် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ဇန်နဝါရီ ၁၄ ရက်တွင် အမှတ်(၁) ရပ်ကွက် ၊ ဇန်နဝါရီ (၁၅)ရက်တွင် အမှတ်(၂) ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် တာလေမြို့ပေါ်ရှိ အမှတ်(၃) ရပ်ကွက်၌ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန် / ဆက်)