သာပေါင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေ အသိပညာပေး ချပြရှင်းလင်းမှုသင်တန်း ထပ်ဆင့်ဖွင့်လှစ်ပို့ချ

သာပေါင်း   ဇန်နဝါရီ   ၁

သာပေါင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေ အသိပညာပေး ထပ်ဆင့်ချပြ ရှင်းလင်းမှု သင်တန်း ကို သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဖွင့်လှစ် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်မှ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းစဉ်များ၊ ကြီးကြပ် ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ရန်တို့ကို အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်၊ မြို့နယ်အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးမှူး ဦးဇော်၀င်းအောင်နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူး ဦးထွန်းမင်းလတ်တို့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပုံအဆင့်ဆင့်နှင့် ကြီးကြပ်ရေး(၅)ဦး ရွေးချယ်နိုင်ရေး၊ အချိန်ကာလသတ်မှတ်ချက်၊ ဥပ‌ဒေ၊ နည်းဥပဒေများအတိုင်း တိကျ‌စွာဆောင်ရွက်ကြရန်တို့ကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီးနောက် တက်ရောက် လာကြ သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများမှ သိလိုသည့်အချက်အလက်များအား မေးမြန်းကြရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

မျိုးဇော်သိန်း (သာပေါင်း)