ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ သင်တန်း ပို့ချ

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာလုပ်ငန်း စဉ်များ သင်တန်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် ပြုလုပ်ခဲ့သည်။

သင်တန်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုဦးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်တို့က ရက်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့် ဆင့်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ အား ဆွေးနွေးပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၉)ဦးနှင့် ရပ်ကွက်စာရေး(၉)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)