ချောက် ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ ချောက်မြို့သူ၊ မြို့သားများက နိုင်ငံတော် ဗဟိုအဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလှူငွေ လှူဒါန်းမှုတို့ ဆောင်ရွက်လျက်ရှိကြောင်း အလှူငွေကောက်ခံသူ တာဝန်ရှိသူထံမှ သိရသည်။
ထိုသို့ လှူဒါန်းမှုတို့အား ချောက်မြို့ မနောဖြူ လူမှုကူညီရေးအသင်းက တာဝန်ယူ ဦးဆောင်၍ အလှူရှင်များထံအရောက် အလှူငွေကောက်ခံပြီး ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ၁၅ရက်နေ့အထိ ငွေကျပ် ၁၆,၉၂၄,၃၀၀ နှင့် $500 အလှူငွေ ကောက်ခံရရှိခဲ့ပြီး ဆက်လက်၍လည်း အလှူတော်ငွေ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)