နတ်တလင်း ဇန်နဝါရီ ၁၆
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ပဲခူးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာကော်မတီမှ နတ်တလင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီနှင့် အားကစားကလပ်များအား သင်တန်းနှင့် သရုပ်ပြပွဲသုံး ပစ္စည်းများ၊ အားကစားအထောက်အကူပြု ပစ္စည်းများ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကား ပြောကြား သည်။
ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အေး၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအေးကိုတင့်၊ ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်တို့က နတ်တလင်းမြို့နယ် အားကစား ဆပ်ကော်မတီများဖြစ်သော ဘောလုံး အဖွဲ့ချုပ်၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော် ခြင်း၊ ဘတ်စကတ်ဘော အဖွဲ့များထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဘောလီဘောကော်မတီ ဦးယုဟန်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထားထားဦး (နတ်တလင်း)