ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ပင်လည်ဘူး    ဇန်နဝါရီ    ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊  မြို့မရဲစခန်း အနောက်ဘက် (၂၇) မိုင်ခန့်အကွာ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်း၊ ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ​ငှောချယ်ကျေးရွာအနီးတွင် ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်လိုက်ပါသူများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ပင်လည်ဘူးမြို့၊ မြို့မရဲစခန်း အနေအနောက်ဘက် (၂၇) မိုင်ခန့်အကွာ ပင်လည်ဘူး- ဖောင်းပြင်သွား ကားလမ်း၊ ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ​ငှောချယ်ကျေးရွာအနီးတွင် အောင်သိန်းဦး (၃၀) နှစ်၊ သလ္လာဝတီရပ်ကွက်၊ မုံရွာမြို့နေသူ မောင်းနှင်ပြီး အမျိုးသား (၈) ဦး၊ အမျိုးသမီး (၂) ဦး လိုက်ပါလာသော 7B-----------NISSAN အမျိုးအစား (၁၂) ဘီးယာဉ်သည် ​ငှောချယ်ကျေးရွာအနီး ၊ ဝါးမျှင်တောင် ကုန်းဆင်းလမ်း၏ ယာဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာ သူများအနက် အမျိုးသား (၅) ဦး အမျိုးသမီး (၁) ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကာ ပင်လည်ဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်သိန်းဦးအား ပင်လည်ဘူးမြို့၊ မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။   

မြို့နယ်   (ပြန်/ဆက်)