လှိုင်းဘွဲ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရန် မြလေးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာနှင့်ဒေါ်လန်းအုပ်စု၊ အလယ်ရွာကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအဆင့်ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာကော်မတီ ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။ ထို့နောက် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများ ကျေးရွာရှိရပ်မိ၊ ရပ်ဖများ၊ ကျေးရွာသူ/သားများ တက်ရောက်ကြပြီး တစ်ဦးချင်း မဲပေးစနစ်ဖြင့် ကျေးရွာ ကော်မတီအား အဖွဲ့ဝင်ခုနှစ်ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိသည်။
ခင်စန်းမြင့်(ပြန်/ဆက်)