ဘုရားသုံးဆူ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူတွင် မြို့ပြအင်္ဂါရပ်နှင့်ညီညွှတ်စေရန် အတွက် ဘုရားသုံးဆူမြို့ စည်ပင်သာယာရေးအဖွဲ့မှ လမ်းခင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များရှင်းလင်းခြင်းများ ပုံမှန် ဆောင်ရွက် လျက်ရှိပြီး (၂၀၂၀ -၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၄၁.၇၀၀) သန်း ဖြင့် အရှည်ပေ (၁၄၅၀)၊ အကျယ် (၁၂)ပေ၊ ထု(၆) လက်မရှိ ကွန်ကရစ်လမ်းအား ဘုရားသုံးဆူမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာ ဒေါ်ဆုမြတ်ဇာခြည်မောင်က ကြီးကြပ်၍ (ဒေါနငြိမ်းချမ်း)ကုမ္ပဏီမှ တာဝန်ယူခင်းကျင်း ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါဆောင်ရွက်မှုအား ဘုရားသုံးဆူမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဘုရားသုံး ဆူမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဆုမြတ်ဇာခြည်မောင် တို့မှ ယမန်နေ့ ညနေ(၄)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းခွင်လိုအပ်ချက်များ အပြန်အလှန်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူဟိန်း(ပြန်/ဆက်)