နတ်မောက်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

နတ်မောက်  ဇန်နဝါရီ  ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ စိုက်ပျိုး လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံအနေဖြင့် နှမ်းသီးနှံပြီးလျှင် မြေပဲသီးနှံနှင့် နေကြာသီးနှံ တို့ကို အများဆုံး စိုက်ပျိုးကြောင်း သိရသည်။

ဆီထွက်သီးနှံအနက် နေကြာသည် သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့်  ရာသီမရွေး    မျိုးစေ့ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီတွင် မေလနှင့်ဇွန်လများတွင် လည်းကောင်း၊ ဆောင်းရာသီတွင် စက်တင် ဘာလနှင့် အောင်တိုဘာလများတွင်လည်းကောင်း စိုက်ပျိုးနိုင်ပြီး သက်တမ်း အားဖြင့် (၄)လခန့် ကြာမြင့်ကြောင်း သိရသည်။ ဆောင်းနေကြာ စိုက်ပျိုးရာတွင် တစ်ဧကကို (၄) ပြည်နှုန်း   စိုက်ပျိုးရပြီး အထွက်နှုန်းအားဖြင့် တင်း(၃၀)ခန့် ထွက်ရှိကြောင်း၊ နေကြာတစ်တင်းကို ဆီ (၄) ပိဿာနှုန်းထွက်ရှိကြောင်း ဆောင်းနေကြာစိုက်ပျိုးသူ တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။

သင်းသင်းဝေ