မိုင်းရှူး ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (ပထမသုံးလပတ်) အတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွား(၆၃) ဦးအား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းသို့ ပေးအပ်ရာတွင် သက်ကြီးဘိုးဘွား(၆၃)ဦးအနက် အသက်(၁၀၀) ပြည့်ဘိုးဘွား(၂)ဦး ပါရှိပြီး ၎င်းသက်ကြီးဘိုးဘွား(၆၃)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှင့် အသက်(၁၀၀)နှစ်ရှိ သက်ကြီးဘိုးဘွား(၂)ဦးအား ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေ တစ်ဦးလျှင်(၃၀၀၀၀)ကျပ်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများမှ ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)