ကျိုက်ဒုံ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ ကျိုက်ဒုံ(အ.ထ.က)ကျောင်း ဝင်း၌ တည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက် ၁၀ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွာ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မျိုးဦးတို့မှ ကွင်းဆင်းကြည့်ရှု့ခဲ့သည်။
အဆိုပါ ဝန်ထမ်းအိမ်ယာ အဆောက်အဦကို ပညာရေးဝန်ကြီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေ (၃၉.၂၀၄)ကျပ်သန်းဖြင့် တည်ဆောက် နေခြင်းဖြစ်ပြီး အလျား ၆၀ပေ၊ အနံ ၃၀ပေ (Steel Structure) အမျိုးအစား (၃)ခန်းတွဲ တစ်ထပ်ဆောင် ဖြစ်ကြောင်း၊ ဆာနဲကလဲကုမ္ပဏီလီမိတက်မှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော် မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ကျိုက်ဒုံ(အ.ထ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်သင်း ထံမှ သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)