ဒဂုံမြို့နယ် ဈေးများတွင် စျေးရောင်းချသူပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face shield)များ ဖြန့်ဝေခြင်းဆောင်ရွက်

ဒဂုံ ဇန်နဝါရီ ၁၈

ဒဂုံမြို့နယ်ရှိ ဒဂုံရိပ်သာစျေးနှင့် အခွန်လွတ်စျေး ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်းတို့တွင် စျေးရောင်းချသူ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စျေးရောင်းချရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask) မျက်နှာအကာ (face Shield) ဖြန့်ဝေခြင်းကို ယ​နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကော်မတီက ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ စျေးတာဝန်ခံနှင့် ဝန်ထမ်းများမြို့နယ်ကျန်းမာရေဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်စေရန် ကျန်းမာ ရေး အသိပညာ ပေးခြင်း၊ စျေးရောင်းချသူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက် များနှင့်အညီ စျေးရောင်းချရန် လက်ကိုင်အသံချဲ့စက်များနှင့် လှည့်လည်အသိပေး ကြေညာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာ အကာ(Face shield) မဖြစ်မ​နေ တပ်ဆင်ပြီး စျေးရောင်းချရန် အသိပညာပေးခြင်း၊ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

မိုးမိုးခိုင်(ပြန်/ဆက်)