ဖာပွန် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသထွက် ကြောက်လျှာဆံများ စျေးကောင်းရလျက် ရှိကြောင်း ကြောင်လျှာလုပ်ငန်းလှုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
ဖာပွန်ဒေသရှိ ကြောင်လျှာပင်များသည် သီးသန့် စိုက်ပျိုးရန် မလိုပဲ တောတောင်များ၊ အိမ်ခြံမြေများ နှင့် ဥယျာဉ်ခြံ မြေကွက်များတွင် သဘာဝ အလျောက် ပေါက်ရောက်လျက်ရှိရာ ဒေသခံများအနေဖြင့် ငွေအရင်းအနှီး စိုက်ထုတ်ရန်မလိုပဲ မိသားစုဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။ ကြောင်လျှာဆံ ရောင်းဝယ်သူများမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ ဖြစ်သော်လည်း ယခင်နှစ်ထက် အရောင်းအဝယ်ကောင်း၍ စျေးကောင်းရရှိလျက်ရှိကြောင်းနှင့် ယခင်နှစ်ကကြောင်လျှာဆံ အခြောက်တစ်ပိဿာ လျှင် (၂၅၀၀) ကျပ်သာရရှိပြီး ယခုနှစ်၌ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၅၀၀၀) အထိ စျေးကောင်းရရှိလျက် ရှိကြောင်း ကြောင်လျှာဆံ လုပ်ငန်းလုပ်ကိုင်သူ ဦးမင်းဇော်ဦးထံမှ သိရသည်။
အဆိုပါကြောင်လျှာဆံများကို ဖာပွန်မြို့မှ ဘားအံမြို့၊ မော်လမြိုင်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)