ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရှိဈေးအချို့ ပိတ်သိမ်းထားသည့် အပြင်၊ ကျေးရွာမှ ပိုးတွေ့လူနာအချိူ့ရှိသဖြင့် သွားလာရေးနှင့် မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများ ဝယ်ယူရန်ခက်အခဲဖြစ်နေသည့် ချောင်းခြားစုကျေးရွာသို့ မြို့ပေါ်အလှူရှင်မိသားစုက ယနေ့ နံနက် (၉) နာရီက ဆန်နှင့် အခြားမီးဖိုချောင်သုံးစား သောက်ဖွယ်ရာများ သွားရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်ကုသရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများ၊ များလာသဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့မစည်ပင်သာယာဈေးကြီး၊ ပျံကျဈေးနှင့် အနီးဝန်းကျင် ဈေးဆိုင်များကို (၂) ပတ်ကြာ ယာယီပိတ်သိမ်းထားပြီး၊ တမ္ပဝတီဈေးသစ်ကြီးကိုသာ ရောင်း/ ဝယ်ခွင့် ပြုထားကြောင်းသိရပြီး၊ ရောဂါပိုးတွေ့ရှိ သည့် ကျေးရွာအချို့တွင် ချောင်းခြားစုကျေးရွာလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါကျေးရွာမှ ပိုးတွေ့လူနာအချို့ရှိသဖြင့် ကျေးရွာနေ ပြည်သူ များ စားသောက်ရေး အဆင်ပြေစေရန်အတွက် ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်နေ ဦးကြည်ဝင်+ဒေါ်ထွေးကြည် (ဝင်းသီရိ ကုန်မျိုးစုံ ရောင်းဝယ်ရေး) မိသားစုက ဆန်၊ ကြက်သွန်၊ ဆား၊ အချိုမှုန့်၊ ကြက်ဉ၊ မုန်လာဥအစရှိသည့် မီးဖိုချောင်သုံးစားသောက်ဖွယ်ရာ(၈)မျိုးတို့ကို အိမ်ထောင်စု (၁၅၀) အတွက် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လှူဒါန်းခဲ့ကြောင်း သိရပြီး၊ လှူဒါန်းမှု စုစုပေါင်းတန်ဘိုး (၂၀၆၆၅၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)