မင်းတပ်၊ ဇန်နဝါရီ - ၁၈
မင်းတပ်မြို့နယ် တော့ထဲ့ကျေးရွာရှိ သဒ္ဓမ္မပါလကျောင်းတိုက်၌ သဒ္ဓမ္မပါလအာယုဒီဃ ပရဟိတဆေးခန်း ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မပါလကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ချင်းပြည်နယ် သာသနာရေးမှူး ဦးခင်မောင်တင့်နှင့် မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ် များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ သဒ္ဓမ္မပါလအာယုဒီဃ ပရဟိတဆေးခန်းတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု နှင့် အခမဲ့ဆေးကုသ ပေးခြင်းကို တစ်ပတ်လျှင် (၄) ရက် ဆေးခန်းဖွင့်လှစ်ပြီး တစ်ရက်လျှင် လူနာ (၄၀) ဦးအား နံနက်ပိုင်းနှင့် ညနေပိုင်း အချိန် သတ်မှတ်ပြီး ကုသပေးသွားမည်ဖြစ်ကြောင်း တော့ထဲ့ကျေးရွာ သဒ္ဓမ္မပါလ ကျောင်းတိုက်ဆရာတော်ထံမှ သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)