မုံရွာ၊ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယနေ့ နံနက်(၁၀)နာရီက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်ရှိ သိန်းတရာရွှေဆိုင် မိသားစုတို့မှ COVID-19 ရောဂါကာကွယ်ရေးအတွက် ပေးအပ်သော အလှူငွေကျပ် (၁၃၄၅ ၀၀၀၀)ကိုလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ COVID-19ရောဂါကာကွယ်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းပေးမှုနှင့် စပ် လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူရှင်မိသားစုတို့အား ဝမ်းသာကြည်နူး ပီတိဖြစ် မိပါကြောင်းနှင့် အားလုံး ဝိုင်းဝန်း လှူဒါန်းပေးတဲ့အတွက်လည်း အထူးပင်ဂုဏ်ယူ ဝမ်းမြောက် သာဓု ခေါ်ဆိုပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ပြန်/ဆက်)