အိမ်မဲ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို အဆိုပါဦးစီးဌာနရုံးခန်းမ၌ ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် စီမံကိန်းကျေးရွာရွေးချယ်ခြင်း နှင့်ရန်ပုံငွေထုတ်ချေးခြင်း၊ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် သက်တမ်းတိုးဆောင်ရွက်သည့် ကိစ္စရပ်များ၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းအစရှိသည့် ခေါင်းစဉ်များဖြင့်အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက် ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)