ဇလွန် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် လမ်းဆုံနေရာနှင့်စျေးတို့တွင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြစေရန် အသိပညာပေးခြင်း ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရန် ၊ ရှောင်ရန် အချက်များကို Hand Speaker ဖြင့် နှိုးဆော်အသိပေးခြင်း ၊ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်းများဝေငှပေးခြင်းနှင့် တပ်ဆင်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်း Mask ( ၇၀၀ ) တို့ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)