စာပေချစ်သူများအသင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့တွင် အပတ်စဉ် စာအုပ်မိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်

လဟယ် ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစီစဉ်ကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် လဟယ်မြို့  စာပေချစ်သူများအသင်းမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ​လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လဟယ်မြို့မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်လှိုင်သင်းအိမှ လူငယ်တွေပဲ ဖတ်ဖတ်. ..လူကြီးတွေပဲ ဖတ်ဖတ်. ..နည်းနည်းဖတ်ပြီး များများတွေးဖို့....ဆိုတဲ့ စာရေးဆရာဦးဘုန်း၊ ဓါတု၊ မန္တလေးက ရေးသားထားသော မာယာဆိုတဲ့ စာအုပ်ကို ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ပါမင်းလှိုင် (ပြန်/ဆက်)