ဇလွန် ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဇလွန်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူး ဖော်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးကို မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းနှင့်တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၁ နာရီအချိန် ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာ ( ၄ ) ရွာတွင် လေးလက်မ ပိုက်ဖြင့် အနက်ပေ ( ၄၀၀ ) ရှိစက်ရေတွင်း တူဖော်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေပြီး ယင်းမလွတ်ကျေးရွာအုပ်စု ညောင်ပင်ရွာသစ်ကျေးရွာ ၊ မြစ်ဝကျေးရွာအုပ်စု ထန်းတစ်ပင်ကျေးရွာ ၊ ပတ်တန်းကျေးရွာအုပ်စု အရှေ့ရွာသစ် ကုန်းကျေးရွာ ၊ ကျုံတနော်တောင်ကျေးရွာအုပ်စု ကျုံတနော်တောင် ကျေးရွာတို့တွင် ရေစက်ရုံ ၊ ရေဂါလန် ၂၄၀၀ ဆံအုတ်ရေကန် ဆောက်လုပ်နေပြီး စုစုပေါင်းကုန်ကျငွေကျပ် ( ၅၂ )သန်း ကုန်ကျမည်ဖြစ်ပြီး ပြီးစီးပါက ကျေးရွာအတွင်းသို့ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)