ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် စီမံကြီးကြပ်ရေး ကော်မတီ အစည်းအဝေးပြုလုပ်

ခန္တီး     ဇန်နဝါရီ        ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည် ဖော်စီမံကြီးကြပ်ရေး ကော်မတီ အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

လုပ်ငန်းများ အကောင်အထည်ဖော် စီမံကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် မြေ၊ မျိုး၊ ပိုးဆိုင်ရာ ကဏ္ဍများ၊ ထွန်ယက် ရိတ်သိမ်းရေးနှင့် စက်ကိရိယာလိုအပ်ချက်များ၊ ရေလိုအပ်ချက် များ၊ သမဝါယမနှင့် အသေးစားလုပ်ငန်း‌ ဆောင်ရွက်လိုသည်များ၊ ငါးနှင့်မွေးမြူရေး ကဏ္ဍများနှင့် ကျေးလက် ကဏ္ဍအခက်အခဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် စီမံကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းဝေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အတွင်းရေးမှူး ကိုယ်စား ဒုတိယဦးစီးမှူး ဦးစိုင်းခွန်းလုံ၊ အဖွဲ့ဝင်များဖြစ်သည့် ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာရဲဝင်း၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးသာထွန်း ဦး၊ သမဝါယမဦးစီးမှူး ဦးဆက်မောင်တို့တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)