Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျောက်တန်းမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းဆောင်ရွက်
Jan 25,2021
ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင် ကာကွယ်နိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ ကော့ပေါက်ကျေးရွာတွင် တည်ဆောက်မည့် ကျေးရွာခန်းမဆောင် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 25,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ကော့ပေါက်ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ခရိုင် (၄) ခုရှိ မြို့နယ် (၁၀) မြို့နယ်တွင် ပျိုးပင်ပေါင်း (၂၅၀၀၀) ဖြင့် တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင် မည်
Jan 25,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မိုးရာသီ၌ အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော မြို့နယ် (၁၀)မြို့နယ် တွင် သစ်တောများပြန်လည် စိမ်းလန်းစေရေး ပျိုးပင် (၂၅၀၀၀)ဖြင့် တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နည်းဥဒေနှင့်အညီ ရွေးချယ်ခန့်ထားနိုင်ရေး အဆင့်ဆင့်ရှင်းလင်းဆွေးနွေး
Jan 25,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် (၉)နာရီခွဲက မြို့အုပ်ချုပ်ရေးမှူးဦးဆိုင်းနော်နော်မှ ရွှေသောင်ယံမြို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပြန်လည်ရွေးချယ်ခန့်ထားရေး လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းပြော ကြားပြီး အဆိုပါလုပ်ငန်းစဉ်အဆင့်ဆင့် ပါဝင်သော လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဝေငှပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်မှ ယခုနှစ်တွင် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာပေးဝေနိုင်မည်
Jan 25,2021
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၏ ရေအရင်းအမြစ်တစ်ခုဖြစ်သည့် နန်းစံဖူး သဘာဝရေထွက် ပေါက်မှ ရေထွက်နှုန်း ကျဆင်းလျက်ရှိသည့်အပြင် မိုးရာသီကာလ၌ မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ယခုနှစ်တွင် ငွေတောင်ဆည်ရေသောက် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်း၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင်များအား စိစစ်ရွေးချယ်
Jan 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ရွေးချယ်ရေးအဖွဲ့မှ ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ကြီးကြပ်ရေး အဖွဲ့ဝင်များ စီစစ်ရွေးချယ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ခေါင်းဆောင်သောအဖွဲ့မှ ငရုတ်ကောင်းမြို့ အမှတ်(၁) ရပ်ကွက်သို့ သွားရောက် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းများ ဆောင်ရွက်
Jan 25,2021
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပေး ရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းများကို ရပ်ကွက်များအလိုက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ကျပ် ၁၀ သန်းအောက် တင်ဒါအောင်မြင်သည့် လုပ်ငန်းများ စတင်ဆောင်ရွက်
Jan 25,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ် ၁၀ သန်းအောက် လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25704
Page
25705
Page
25706
Page
25707
Current page
25708
Page
25709
Page
25710
Page
25711
Page
25712
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department