ထန်းတပင်မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေး

ထန်းတပင် (ရန်ကုန်) ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ယဉ်မီမီချိုက အခွန်ပြေစာ အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အခွန်ဆိုင်ရာနှင့်ပတ်သက်၍ သိရှိလိုသည်များကို လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများက မေးမြန်းခဲ့ကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲပြီး အခမ်းအနားသို့ မြို့နယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)