ဖယ်ခုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ် သင်တန်းဖွင့်

ဖယ်ခုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီက ဖယ်ခုံမြို့နယ်အထွေထွေအုပ်ချုပ်ရးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖယ်ခုံမြို့နယ်ဥပဒေအရာရှိ ဦးရာဇာက အမှာစကားပြောကြားရာတွင်  နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရန်၊ နိုင်ငံသားတိုင်းဥပဒေအသိပညာရရှိစေရန်နှင့် ဥပဒေ၏ အကာအကွယ်ကိုအညီအမျှရရှိစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြော ကြားသည်။

အဆိုပါရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၃-၇-၂၀၂၆) ရက်နေ့မှ (၁၄-၇-၂၀၂၆) ရက်နေ့အထိ (၂) ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ကြောင်း အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)