သံတွဲမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ

သံတွဲ မေ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သံတွဲမြို့နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကသံတွဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ၄၅ ယူနစ်၊ ကျေးရွာ ၅၈ ရွာမှ မြစိမ်းရောင် ကော်မတီဝင်များက စီမံကိန်းဆောင်ရွက်နေမှုများအပေါ် အားနည်းချက်၊ အားသာချက်များနှင့် ပတ်သက်၍ မြို့နယ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်နေသော အခြေအနေများအပေါ် အဖွဲ့လိုက်ခွဲကာ သုံးသပ်ဆွေးနွေးကြသည်။ မြစိမ်းရောင်ကျေးရွာကော်မတီများ၏ လိုအပ်ချက် များ၊ အခက်အခဲများ၊ အကြံပြုဆွေးနွေးချက်များအပေါ် မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
အဆိုပါ အခမ်းအနားသို့ သံတွဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မြစိမ်းရောင် စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (၄၅) ယူနစ်၊ ကျေးရွာ (၅၈) ရွာမှ မြစိမ်းရောင်ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရ သည်။
ကျော်ထွန်း