ငဖဲ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းမှသောက် သုံးရေရှားပါ သည့် ကျေးရွာ များသို့ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေး လျက်ရှိရာ မာန်အောင် ကျေးရွာအုပ်စုမှ မရိုးကန်ဘုန်းတော်ကြီးကျောင်း၊ ဆူးပဒေါင်း ကျေးရွာ အုပ်စုမှ ကျောက်ဆုံဘုန်းတော်ကြီးကျောင်း၊ ကန်ပေါက်ကျေးရွာနှင့် ဝါးလေးတောင်ကျေးရွာ များမှ ပြည်သူများအတွက် သောက်သုံးရေများကို အောင်ပင်လယ်ဘုန်းတော်ကြီး ကျောင်းဆရာ တော်ဦးပါရင်္ဂတနှင့် အလှူရှင်များ ပူးပေါင်း၍ မေလ ၈ရက်နေ့နှင့် ၉ရက်နေ့ တို့တွင်သွားရောက် လှူဒါန်းခဲ့ကြရာ မရိုးကန်၊ ကျောက်ဆုံကျေးရွာ၊ ဝါးလေးတောင် ကျေးရွာနှင့် ကန်ပေါက် ကျေးရွာ များမှ အိမ်ခြေ(၂၃၇) အိမ်၊ လူဦးရေ (၉၀၀)ကျော်တို့ အတွက် သောက်သုံး ရေဂါလံ(၇၂၀၀)ကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)