မိုးနဲ မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ၊ဝမ်ယေးကျေးရွာတွင် လျှပ်စစ် မီးလင်းရေးဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က အဆိုပါကျေးရွာ ၌ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၊မြို့နယ်လျှပ်စစ်မှူး ဦးသိန်းသန်းစိုး ၊ ကျေးရွာ မီးလင်းရေး ကော်မတီကိုယ်စားလှယ် ဦးစိန်မာဒင် ၊ရပ်မိရပ်ဖ ဦးအေးလိယ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ကျေးရွာမီးလင်းရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၁၉၅ ဒသမ ၉ သန်းဖြင့် ဓနုမင်းသားကုမ္ပဏီလီမီတက်မှ ၁၁ ကေဗွီဓာတ် အားလိုင်းကြိုး ၂ မိုင် ၊၁၆၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းကြိုး ၂ ဒသမ ၃ မိုင် ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဝမ်ယေး ကျေးရွာနေ အိမ်ခြေ ၁၆၅ အိမ် ၊လူဦးရေ ၄၈၀ ကျော်အတွက် လျှပ်စစ်ဓာတ်အား အကျိုးပြုသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးသိန်းသန်းစိုး က ပြောကြားသည်။
မျိုးညွန့်ရွှေ (မိုးနဲ)