ကျောက်ဆည် မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက ပြည့်မီစွာစိုက်ပျိုး နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပထမအကြိမ် တွေ့ဆုံပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၁)နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က မိုးစပါးစိုက် ဧကများ အမှန်ရရှိစေရေး သက်ဆိုင်ရာဌာနများအနေဖြင့် သေချာစိစစ်ပြီး ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့ပြီး ယခုနှစ်မိုးစပါးများကို မင်းရဲစိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၅၉၇၀)ဧက၊ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် (၁၀၁၃၀)ဧက၊ သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် (၉၈၇၃)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၉၂၄၅)ဧက၊ စမာစိုက်ပျိုးရေး နည်းပညာပေး စခန်းတွင် (၈၀၃၂)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၉၅၄၉)ဧက စိုက်ပျိုးသွားရန် လျာထားမှုများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မိုးစပါးများကို မင်းရဲစိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် (၅၉၇၀)ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၁၀၁၃၀)ဧက၊ သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် (၉၈၇၃)ဧက၊ ထုံးကြီးစိုက်ပျိုးရေး နည်းပညာပေး စခန်းတွင်(၉၃၄၅)ဧက၊ စမာ စိုက်ပျိုးရေး နည်းပညာပေးစခန်းတွင်(၈၀၃၂)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် (၉၆၀၈) ဧက စုစုပေါင်း (၅၂၉၈၅) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)