ဇီးကုန်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်း၍ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန် စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အချိန်မှီစိုက်ပျိုးနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအဖွဲ့များမှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ