မြိုင် ဇွန် ၁၅
မကွေတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတစ်ရပ်အနေဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပိုးတွေ့လူများ ထားရှိရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ယမန်နေ့ နေ့လယ်၂ နာရီခန့်က စတင်ဆောင်ရွက်ခဲ့သည်။
မြိုင်မြို့နယ ်စီမံအုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူများ ထားရှိရန် ကြိုတင် ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူများ ထားရှိရန် မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့တွင် လူ (၁၀၀) အတွက် လိုအပ်သော ပြင်ဆင် မှုများကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သူရ(ပုံတောင်)