ကျိုင်းတုံ ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်း များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လက်ဆေး ဘေစင်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဗွီနိုင်း ပိုစတာများကို ယနေ့တွင် တာဝန်ရှိသူများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသိန်းထိုက်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းတို့က ကျိုင်းတုံမြို့နယ်အတွင်းရှိ အထက(၁)၊ အထက(၂)၊ အထက(၅)၊ အထက(၇)နှင့် အထက(ဝမ်အွယ်)ကျောင်းတို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လက်ဆေးဘေစင် (၂)ခုပါ တစ်စုံစီနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဗွီနိုင်းပိုစတာများကို ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်