ဂန့်ဂေါ ဇွန် ၁၅
ဂန့်ဂေါခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ကလေး-ဂန့်ဂေါ ကားလမ်းရှိ ဂန့်ဂေါမြို့အဝင်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ပြုလုပ်မည့်နေရာ၊ ပိုးတွေ့လူနာများထားရှိကုသပေးမည့် နေရာများနှင့် Mask Campaign ဆောင်ရွက်မည့် အစီအမံများ ဆွေးနွေးတင်ပြခြင်း၊ ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ကုသရေးဦးစီးဌာန၊ တာဝန်ခံ မြို့နယ် ကျန်းမာရေးမှူး ဦးစန်းဝင်းက ဆေးဝါးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလိုအပ်ချက်နှင့် ကျွမ်းကျင် ဆရာဝန်၊ ဆရာမများလိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
အဆိုပါအစည်းအဝေးတွင် တက်ရောက်လာကြသည့် ခရိုင်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များမှ လိုအပ်သည်များဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြ သူများ၏ အကြံပြုဆွေးနွေးချက်များအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)