ဇီးကုန်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေလယ်က လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင် ဦးဆောင်၍ မြို့နယ်ထွေ/အုပ်၊ ကျန်းမာရေးဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချု ပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့သည် လူစည်ကားရာ မီးပွိုင်လမ်းဆုံ၊ မြို့မဈေးကြီးပတ်ဝန်းကျင်နှင့် အ.ထ.က (မြို့မ)ကျောင်းပတ်ဝန်းကျင်တို့တွင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများ၊ ဈေးသွား ဈေးလာများအား စနစ်တကျ Mask နှာခေါင်း စည်းတပ်ဆင်သွားလာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး၊ နှာခေါင်းစည်း (၁၀၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား၊ မပြန့်ပွားစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျတပ်ဆင်သွားလာကြရန်၊ မလိုအပ်ပဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ