တောင်ကြီး အောက်တိုဘာလ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် များ၊ ကျောင်းသားများ နှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား (RTD) Test Kit ဖြင့်ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိစစ်ဆေးပေးခြင်းဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက် စစ်ဆေး ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် သစ်တောရပ်ကွက် နဂါးကန်ဘုန်းတော်ကြီးကျောင်းမှ သံဃာ(၁၅)ပါး၊ ကျောင်းသား(၇)ဦး တို့အားလည်းကောင်း၊ ပတ္တမြားဂူဘုန်းတော်ကြီးကျောင်း မှ သံဃာ(၃)ပါး လူပုဂ္ဂိုလ်(၁၀)ဦး တို့အားလည်းကောင်း၊ ရွှေမုဌောဘုန်းတော်ကြီးကျောင်း မှ သံဃာ(၂၀)ပါး ကျောင်းသား(၈)ဦး တို့အားလည်းကောင်း၊ ပြည်သူ(၄၅)ဦး တို့အား လည်းကောင်း၊ စုစုပေါင်း သံဃာ(၃၈)ပါးနှင့် ကျောင်းသား(၇၀)ဦး တို့အား (RTD) Test Kit ဖြင့် စစ်ဆေးပေး ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံရသူ မရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက သံဃာတော်များ သီလရှင်များ၊ ကျောင်းသားများနှင့် ပြည်သူများအား (RTD) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း၊ ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးစိုး(ပြန်/ဆက်)