မုံရွာ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီဝါးပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်း အမှတ် (၇၅) သစ်ပါးလွှာစက်ရုံ ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့က သတ်မှတ်နေရာများတွင် နေရာယူကြပြီး တက်ရောက် လာသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် အတူ စုစုပေါင်းဝါးပျိုးပင် ၄၀၀၀ ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက အဆိုပါ ၂၀၂၆ ခုနှစ် မိုးရာသီဝါးပင်စိုက်ပျိုးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဦးဆောင်ပြီး ၂၀၂၆ ခုနှစ် မိုးရာသီ ဝါးပင်စိုက်ပျိုးပွဲကိုကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ခန္တီး၊ ဟုမ္မလင်း၊ ကန့်ဘလူ၊ ကလေး၊ မော်လိုက်တို့တွင်လည်း ဝါးပျိုးပင် ၆၃၀၀ ကို စုပေါင်း စိုက်ပျိုးပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စုစုပေါင်းဝါးပျိုးပင် ၁၀၃၀၀ ပင်ကို စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)