ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကျောက်ဖြူမြို့၊ ပြည်နယ်တွင်း ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်

ကျောက်ဖြူ  အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် နဒီသောင်ယံဂေါက်ကလပ်အဖွဲ့မှ ကြီးမှူးကျင်းပသည့် ပြည်နယ်တွင်း ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ နဒီသောင်ယံဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယဥပဒေချုပ်၊အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အား/ကာဦးစီးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများတက်ရောက် ခဲ့ကြ ပြီး အခမ်းအနားအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းမှဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်လတ်ဦးက ရိုက်၍ဖွင့်လှစ်ပေး ခဲ့သည်။ ဆက်လက်ပြီး Golf ပြိုင်ပွဲအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီငွေ ၂၅ သိန်းကျပ်အား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်လတ်ဦးတို့မှ ပေးအပ်ချီးမြှင့်ရာ နဒီသောင်ယံဂေါက်ကလပ် ကော်မတီနာယက ဦးငြိမ်းချမ်းမောင်နှင့်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းတို့မှ လက်ခံရ ယူခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပံ့ပိုးကူညီငွေ ၁၅ သိန်းကျပ်အား ပြည်နယ်အား/ ကာဦးစီးမှူး ဦးအောင်စောမြမှ ပေးအပ်ချီးမြှင့်ရာ ဂေါက်ကလပ် ကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်စိုးနှင့် တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာဝင်းတို့မှလက်ခံ ရယူခဲ့ပြီး နောက်ကစားသမားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ ပြည်နယ်တွင်းဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် များ ဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ အမ်း၊ သံတွဲ၊ တောင်တုတ်၊ ကျောက်ဖြူ စသည့် မြို့နယ်များမှ ပြိုင်ပွဲဝင်ကစားသမား ၈၀ ဦးတို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအား အကျောမဲ့၊ အကျောပေး၊ အသက် ၅၅ နှစ်အထက် သက်ကြီးတန်း သုံးမျိုးခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်ကာ (System-36) စနစ်တို့ဖြင့် အမှတ်ပေး ဆုံးဖြတ်သွားမည်ဖြစ်သည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားနှင့် ညစာစားပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရိပ်သာဝင်းအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း