မိုင်းယန်း အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေ သော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရကိုဗစ်အတည်ပြုလူနာများသည် နေအိမ်၌ ၁၀ ရက်ကြာ Stay At Home ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာ(၁၃၆)ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၁၃)ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)