ကျိုက်မရောမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲ ကျင်းပ

ကျိုက်မရော      အောက်တိုဘာ          ၃၁

ကျိုက်မရောမြို့နယ်၌   လူဝင်မှုကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာန   ၊   မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရပြုလုပ်ပေးသည့်    နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်၁၀နာရီက  နိတုန်ကျေးရွာဓမ္မာရုံ၌ ပြုလုပ် သည်။

ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှ ဦးကိုကိုလွင်နှင့်  ဝန်ထမ်းများက   ပန်းခင်းစီမံချက်အရ   ပြုလုပ်ပေးနေသည့်     နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို  ကျေးရွာပြည်သူလူထုလက်ဝယ်အရောက်ပေးအပ် ခဲ့သည်။  ကျိုက်မရောမြို့နယ်တွင်  စီမံချက်ကာလအတွင်း၌ အချိန်မီပြီးစီးရေးနှင့်မှန်မှန်ကန်ကန်ရရှိ ရေးအတွက်  ကိုဗစ်-၁၉ရောဂါကာကွယ်ရေး  စည်ကမ်းချက်များနှင့်အညီ  ဆောင်ရွက်ပေးလျက် ရှိရာ နိတုန်ကျေးရွာမှ  အသက် ၁၀  နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၄ ဦး  ၊အသက် ၁၈  နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကျား ၇၀ ဦး၊မ ၅၁ ဦး လဲလှယ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၂၀ဦး ပျောက်ဆုံး၊ ပျက်စီးမိတ္တူ၉ဦး၊စုစုပေါင်း၁၇၄  ဦးတို့အားနိုင်ငံသားစိစစ်ရေးကတ်ပြား များကိုတာဝန်ရှိ သူများကကွင်းဆင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး