တန့်ယန်း အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ယနေ့နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းကို ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ကြရာ၌ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာ သင်ကြားနိုင်ရေးနှင့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းများ၌ ကျောင်းဆောင်များ၊ စာသင်ခန်းများအား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေးရာ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီး များနှင့်တာဝန်ရှိသူတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရ သည်။
မင်းလွင်ဦး