ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရမ်းဗြဲမြို့နယ်ရှိ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် (၁၁၀)ဧကအား ကွင်းဆင်းကြည့်ရှု

ကျောက်ဖြူ    အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးနှင့် ပြည်နယ်ဦးစီးမှူးများနှင့်ခရိုင်/မြို့နယ်တာဝန်ရှိသူများ ယမန်နေ့၊ ညနေ() နာရီ အချိန်က ရမ်းဗြဲမြို့၊ ရွေကျေးရွာရှိ မိုးရာသီ၌ မျိုးစေ့ထုတ်စံပြစိုက်ကွက် (၁၁၀)ဧကစိုက်ပျိုးထား ရှိမှုအား ကြည့်ရှုခဲ့သည်။

          ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် ရမ်းဗြဲမြို့၊ခု ရွာကြီးကျေးရွာအုပ်စု၊ ရွေကျေးရွာ၊ ရွေရွာကွင်း၊ ကွင်း အမှတ် (၇၁၀)တွင် တောင်သူ(၄၄)ဦးမှ မျိုးစေ့ထုတ်စံပြစိုက်ကွက် (၁၁၀)ဧက စိုက်ပျိုးထားမှုအား မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဆန်းဝင်းက စိုက်ပျိုးအောင်မြင်မှုနှင့်အီးအင်ဘို ကာရှီ သဘာ၀ မြေဩဇာ ထည့်သွင်းအသုံးပြုနည်း၊ ပြုလုပ်ပုံများနှင့် လယ်ယာကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းမြင့်က မြေပဲမျိုးစေ့ချစက် အသုံးပြုပုံနှင့် မျိုးစေ့၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေး၊ မိုးစပါး မျိုးစေ့ထုတ်စံပြစိုက်ကွက် အဆင့်ဆင့်ဆောင်ရွက် ခဲ့သည့် နံရပ်ပိုစတာများပြသထားမှုအား ရှင်း လင်းခဲ့တင်ပြသည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးများ က မိုးစပါးတစ်မျိုးတည်းစိုက်ပျိုးသည်ထက် နွေ၊မိုး၊ဆောင်းတွင် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးကို အလေးထားပြီးလုပ်ဆောင်ကြရန်၊ မိမိတို့ဒေသဟာ စိုက်ပျိုးရေးကိုအဓိက ထားဆောင်ရွက်သည့် အတွက် သီးထပ်စီးညှပ်များစိုက်ပျိုးမှ မိသားစုဝင်ငွေကအစ တိုင်းပြည်ဖွံ့ဖြိုးတိုးပွားလာမှာဖြစ်ပြီး၊ အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ စိုက်ပျိုးရေးဌာန အနေဖြင့်လည်း တောင်သူများအတွက်လိုအပ်ချက်များ၊ နည်းပညာများပံ့ပိုးပေးရန်မှာကြားခဲ့သည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း