ကန့်ဘလူ အောက်တိုဘာ ၃၁
တစ်နိုင်ငံလုံးတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ယာယီ ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ရောဂါကူးစက်မှုလျော့ကျ လာသည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားသင်ယူနိုင်ရန် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်မည်ဖြစ်၍ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာ ၃၀ ရက်မွန်း လွဲ ၂ နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဝင်း၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် ၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး အခြေခံပညာကျောင်းများဖွင့်လှစ်ပါက ကျောင်းသားကျောင်းသူများအေးချမ်းစွာပညာသင် ကြားနိုင်ရေးအတွက် ကျောင်းများအလိုက် ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားနိုင်ရေး၊ လုံခြုံရေးအတွက် ဆရာ၊မိဘ၊ ကျောင်းကော်မတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်သွားရန် ညှိနှိုင်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့ ဆောင်ရွက်ထားကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံများ ပြင်ဆင်ထားကြရန် ကျောင်းများကိုအသိပေးနှိုးဆော်ထား ပြီးဖြစ် ကြောင်း၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၉၉ ကျောင်းရှိသည့်အနက် အခြေခံ ပညာအထက်တန်းကျောင်း ( ၄) ကျောင်း၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၆) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း( ၂၈) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ( ၇) ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း ( ၁၉) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၄၄) ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (ခွဲ) ( ၆) ကျောင်း စုစုပေါင်း ၁၁၄ ကျောင်းဖွင့်လှစ် ရန် လျာထားကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)