မင်းပြားမြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် ရပ်နားထားရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

မင်းပြား  နိုဝင်ဘာ  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်  အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် စည်းကမ်းချက်နှင့်အညီ ယနေ့နံနက် ()နာရီအချိန်မှ စ၍ပုံမှန်သင်ကြားနိုင်ရန် ပြန်လည်ဖွင့်လှစ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ကျောင်းသူများအား အေးချမ်းစွာ ပညာ သင်ကြားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျောင်းသား၊ကျောင်းသူများအား ဆရာ၊ ဆရာ မများက ကျောင်းအတွင်းမဝင်မီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Mask များတပ်ဆင်ခြင်း၊ လက်ဆေးစင်တွင် စနစ်တကျလက်ဆေးနိုင်စေရန် ဆောင်ရွက်ထားရှိခြင်း၊  စာသင်ခန်းအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံ ခန့်ခွဲထားခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်  ကြိုတင်ပြင်ဆင်ထားရာ ကျောင်းသား၊ ကျောင်းသူများဘေးအန္တရာယ် ကင်းရှင်းစွာပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။ 

သိန်းနုအောင်