မိုးမိတ်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး မြန်မာ ၊ရှမ်း ဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်

မိုးမိတ်    နိုဝင်ဘာ ၁ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်နန်းပီးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်း၊ မြန်မာ ဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို  အုန်းကြောရွာသစ် ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်     ပြည်သူများအနေဖြင့် နိုင်ငံတော်မှပြည်သူများအတွက် ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးလျှက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရာတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ပြီး ကာကွယ်တိုက်ဖျက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့ အိမ်တွင် ပြင်ပမှ လာသောဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံသွား ရောက်ခြင်း မပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားမိဘပြည်သူများ အားလုံးကကိုယ်စီ လိုက်နာပြီး ကျန်းမာရေးအသိ၊ သတိများရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)