ဆိပ်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ထိန်ချုပ်ရေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများအား ခယာယီ ပိတ်ထားခဲ့ရာမှ ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းများပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်း(၃၅)ကျောင်း၊ အခြေခံပညာ အလယ်တန်း အဆင့်ကျောင်း(၄၁)ကျောင်း၊ အခြေခံပညာ မူလတန်းအဆင့်ကျောင်း (၆၃) ကျောင်း စုစုပေါင်း (၁၃၉)ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဆိပ်ဖြူမြို့နယ်တွင် ကျောင်းအပ်နှံပြီး အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၆၄၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၇၇၄)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၄၆၇၇)ဦး စုစုပေါင်း (၈၁၀၀) ဦးရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရာမှ နိုဝင်ဘာလ (၁)ရက်နေ့တွင် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းများပြန်လည် ဖွင့်သည့်အတွက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းများပြန်လည် တက်ရောက်ကြကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျှက်ရာ ယနေ့ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်နေ့တွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၄၄)ဦး၊ အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူ(၁၀၉၂)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၇၁၅)ဦး စုစုပေါင်း (၃၀၅၁) ဦးရှိကြောင်း ကျောင်းအပ်နှံပြီးစီးသည့် ကျောင်းသား /ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေးအတွက် မြို့နယ်ပညာရေးဌာနမှ ဆရာမ/ဆရာများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများက အုပ်ချုပ်ရေးမှူးများ မှတဆင့် ကျောင်းသား/ကျောင်းသူများ၏ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချိတ်ဆက်အသိပေး ဆောင်ရွက်နေကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
ကိုဇွဲ( အညာမြေ)