ဘားအံ နိုဝင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ပြန်လည်ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် သင်ကြား ပေးလျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမြင့်မားလာသည့် အတွက် ဇူလိုင်လ ၉ ရက်နေ့တွင် စာသင်ကျောင်း များကိုခတ္တယာယီ ပိတ်ထားခဲ့ပါသည်။ ယခုအခါ ကျောင်းသား၊ လူငယ်များပျော်ရွှင်ချမ်းမြေ့စွာ ကျောင်းတက်ရောက် နိုင်ရေးအတွက် “ကာကွယ်ဆေးဖြင့် လွမ်းခြုံ အပ်သော အနာဂတ်ပန်းခင်းများဆီသို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ ပျော်ရွှင်စွာ ကျောင်းတက်ရောက်နိုင်ရေးအတွက် အောက်တိုဘာလ (၁၇)ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျောင်းသား/သူများအားကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးပြီး ဖြစ်ရာ ကျောင်းသား/ ကျောင်းသူ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ် နိုင်ပြီး ရောဂါ ကျဆင်းလာသည့်အတွက် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
ထိုသို့ကျောင်းသား/သူများ ကျောင်းစတင် တက်ရောက်ပညာ သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ Social Distancing စနစ်ဖြင့်ထားရှိခြင်း Faceshield နှင့် နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိပေး ထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)