ဆီဆိုင် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ ယနေ့နံနက် ၉ နာရီအချိန်က နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းက တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းသွား၊ လမ်းလာပြည်သူများ၊ ပျံကျဈေးနှင့် လူသွားလူလာများသော လမ်းဆုံနေရာများတွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို တစ်ပတ်စဉ် ဖြန့်ဝေပေး လျက်ရှိကြောင်း မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)