သတင်းများ

သထုံမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦး ထပ်တိုးတွေ့ရှိ
Jun 28,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကိုဗစ်-၁၉ သံသယရှိသူများအား သထုံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Clinicနှင့် မော်လမြိုင် Fever Clinic တို့၌ Covid-19 Rapid Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်းသိရသည်။
မြစ်ကြီးနားမြို့၌ ပန်းခင်းစီမံချက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
Jun 28,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွေထွေအုပ်ချုပ်ရေးရုံး မနောရွေပြည်ခန်းမ၌ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ် (မှတ်ပုံတင်)ရရှိရေး အတွက် ပန်းခင်း စီမံချက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကျေးသီးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်သစ်တောဦးစီးဌာနက ကျင်းပ ပြုလုပ်သည့်    ၂၀၂၁ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က  လုံပုရပ်ကွက်၊ နမ့်ကုံးကန်၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူပေး
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး ဗီနိုင်းဆိုင်းဘုတ် များကို ယမန်နေ့ နံနက်ပိုင်းက မင်းလှလူမှုကယ်ဆယ်ရေးအသင်းမှ လိုက်လံစိုက်ထူပေးခဲ့သည်။
ကျေးသီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်
Jun 28,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ က ဟိုခိုရပ်ကွက် တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်း
Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်မြောက် ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာနတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ‌ရေးအတွက် ကြိုတင်ကာကွယ်​ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ကူးစက် ပြန့်ပွားမှုမရှိစေ‌ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ​ရေတာရှည် မြို့ဝင်နေရာနှင့် ရေနီမြို့ဝင်​နေရာများ၌ ကျန်းမာရေးစစ်ဆေး တိုင်းတာရန်အတွက် ယမန် နေ့က စတင်၍ ကျန်းမာရေးစစ်ဆေးရေးဌာနများ ဖွင့်လှစ်ကာ ရေတာရှည်မြို့နယ်အတွင်းသို့ ဝင်ရောက် သူများအား အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ ရယူခြင်း၊ Stay at Home သက်မှတ်ထား ရှိသော မြို့နယ်များမှ ပြန်လာသူများအား Quarantine Centre တွင် ထားရှိခြင်းများ ဆောင်ရွက် လျက်ရှိသည်။
တည်းခိုခန်းများ၊ စားသောက်ဆိုင်များ ကျန်းမာရေး စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရေး အသိပေးခြင်း ဆောင်ရွက်
Jun 28,2021
မိုင်းရှူးမြို့ပေါ်ရှိ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေး အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။