စဉ့်ကိုင်မြို့နယ်တွင် တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများထုတ်ချေးပေး
Jun 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ များကို ယနေ့မွန်းလွဲ(၁)နာရီက အိုးထိန်းတောင်ကျေးရွာ နှင့်ဖောင်ဇင်းကျေးရွာ တို့တွင် ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်၊၊