ကျိုက်မရောမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ လုပ်ငန်း ညှိုနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်မရော  ဇွန်  ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလေးသူငယ်ဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်အဝေးပွဲကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာ ခန်းမ၌ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်အမျိုးသမီး ကော်မတီအတွင်းရေးမှူးဦးစီးအရာရှိဒေါ်ဝင်းဝင်းမာကလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၏လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော အမျိုးသမီးကော်မတီအဖွဲ့ဝင်များကသိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ အမျိုးသမီးကော်မတီအတွင်းရေးမှူးမှပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ချို မြတ်မြတ်ထွေး