မချမ်းဘော ဇွန် ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်က အဖွင့်အမှာစကားပြောကြားရာမှာ ကိုဗစ်-၁၉ ရောဂါပိုးသည် အသွင်ပြောင်းပုံသဏ္ဍာန်ဖြင့် ကူးစက်ပျံ့နှံ့လျက် ရှိကြောင်း၊ မိမိတို့မြို့နယ် အတွင်းသို့ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ယခင်နှစ်ဆောင်ရွက်မှုလမ်းစဉ်အတိုင်း မြို့အ၀င်၊မြို့မ ဈေးနှင့်ကျောင်းများတွင် ကိုဗစ်-၁၉နှင့်ပတ်သက်သည့် ပိုစတာများ၊ ဗီနိုင်းများအား ညွှန်ကြားချက်အတိုင်း ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ဆက်လက် ဆောင်ရွက်သွားရန်နင့် mask campaignကိုမြို့မဈေး၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများတွင် ဆောင်ရွက်သွားရန်၊မြို့နယ်အတွင်း အသံချဲ့စက်ဖြင့်အသိပညာပေးနိုး ဆော်ခြင်းများကြေငြာ ဆောင်ရွက်ရန်နှင့်ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များ မှကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်